ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ဆီးသီးဈေးနှုန်း (၁၀)နှစ်အတွင်း ဈေးအမြင့်ဆုံးရောင်း ချနေရ

 



ညောင်ဦး  ဇန်နဝါရီ  ၁၃


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ယခုနှစ် ဆီးသီး သီးနှုန်းကောင်းပြီး ဆီးသီးမှည့်ချိန် ဆီးသီးတစ်တင်းဈေးနှုန်း ဆယ်နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည့် တစ်တင်း တစ်သောင်းကျပ်ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အချစ်ကလေး ဆီးယို/ဆီးထုတ်လုပ်ငန်းရှင် ဦးဖိုးထောင်ထံက သိရသည်။


ညောင်ဦးမြို့နှင့် ငါ့သရောက်မြို့တွင် ယခုနှစ် ဆီးသီးအသီးများကာ ဆီးပင်ပိုင်ရှင်များ ဆီးသီး တစ်တင်း တစ်သောင်းကျပ်ရောင်းချခဲ့ရကြောင်းနှင့် ဆီးပင်တစ်ပင် ငါးတင်းလောက်ထိ ကောက်ရောင်းခဲ့ရကာ ယခုနှစ်တွင် ဆီးသီးအသီးများကြောင်း အချို့ဆီးပင်များ နည်းနည်းပါးပါးသီးသော်လည်း အသီးလုံးညှပ်(သေး)ပြီး ရောင်းပန်းမလှနိုင်ကြောင်း ကုလားတဲကျေးရွာမှဆီးခြံပိုင်ရှင်ဦးမိုးညိုကပြောသည်။ 

ညောင်ဦးမြို့နယ်နှင့်ငါ့သရောက်မြို့တွင်ဆီးပင်များခြံဖြင့်စိုက်ပျိုးသူရှားပါးပြီးယာခင်းခြံ စည်းရိုးစပ်နှင့်ထန်းပင်တန်းကြားတွင်အလေ့ကျပေါက်သည့်ဆီးပင်များအားပေါင်းမြက်ရှင်းလင်းကာ ပြုစုပြီး အသီးသီးချိန် ကောက် ယူရောင်းချကြကြောင်း ငါ့သရောက်နယ်ရှိဆီးသီးမျိုးများသည် ဒေသမျိုးရင်းများဖြစ်ကာ ဆီးပင်အများစု ဆီးချဉ်ပင်များဖြစ်ကြကြောင်း၊ညောင်ဦးမြို့နယ်မှထွက်ရှိ သည့်ဆီးသီးများ ပခုက္ကူဈေးကွက်သို့ရောင်းချကြပြီး ငါ့သရောက်မြို့နယ်မှ ထွက်ရှိသည့် ဆီးသီးများကို ငါ့သရောက်မြို့ပေါ်ရှိ ဆီးငန်သီးလုပ်ငန်းရှင်များထံသာ သွား ရောက်ရောင်းချရကြောင်း သိရသည်။


ဆီးပင်များ တစ်နှစ်ဆီးသီးပြီးချိန် တန်ပေါင်း၊ တန်ခူးလများတွင် ဆီးသီးချိန်ပြီးကာ လာမည့်နှစ် အသီးကြီးရန်နှင့် ဆီးပင်၊ ဆီးညောင်းသန်ရန် အပင်အားခုတ်ပစ်ရပြီး ဆီးကိုင်းဆူးများအား ယာခင်းခြံစည်းရိုး၊ အိမ်ခြံစည်းရိုးများ(တပ်စည်းအရပ်အခေါ်) လုံခြုံစေရန် ကာရံကြကြောင်းသိရကာ ယခုနှစ်ဆီးပင်များအသီးသီးနှုန်းများခြင်းကြောင့် မနှစ်က တစ်တင်း ၃၅၀၀ကျပ်အောက်သာရောင်းချခဲ့ရသော်လည်းယခုနှစ်တွင် မကြုံဖူးသည့်ဈေးနှုန်းဖြစ်ခဲ့ကာဆီးသီး တစ်တင်း တစ်သောင်းကျပ်ထိ ရောင်းချနေရခြင်းကြောင့် ဆယ်နှစ်အတွင်း ဆီးသီးဈေးနှုန်းမမျှော် လင့်သည့်ဈေးနှုန်းဖြင့်ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် တူရွင်းတိုင်ကျေးရွာ တောင်သူ ဦးမိုးသိန်းကပြောကြား၍ သိရသည်။


ဒီပါလင်း





No comments

Powered by Blogger.