ချက်သမ္မတနိုင်ငံရှိ ကျောက်မီးသွေးတွင်း မတော်တဆမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

 


ဇန်နဝါရီ ၁၃

ချက်သမ္မတနိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ကျောက်မီးသွေးတွင်းတစ်တွင်းတွင် ယမန်နေ့က မတော်တဆမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါမတော်တဆမှုသည်  ကာဗီနာအနီးရှိ ကျောက်မီးသွေးတွင်းတွင်တုန်ခါမှုဖြစ်ပေါ်ပြီးနောက် မြေအောက် အနက် မီတာ ၁၁၀၀ ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုကျောက်မီးသွေးတွင်းကို နိုင်ငံပိုင် အိုကေဒီ တူးဖော်ရေးကုမ္ပဏီက ပိုင်ဆိုင်သည်ဟု သိရသည်။

ယင်းဖြစ်ရပ်ကြောင့် ချက်နိုင်ငံသား သတ္တုတွင်းအလုပ်သမားတစ်ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ထိုဒဏ်ရာရရှိသူများအနက် တစ်ဦးသည် ပိုလန်နိုင်ငံသားဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းဒဏ်ရာရရှိသူများအနက် ငါးဦးသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ချက်သတင်းအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

ထိုမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို တိကျစွာသိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.