နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်သားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
နေပြည်တော်၊ ဇန်နဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊
နေပြည်တော်အတွင်း နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်သားများနှင့်
အချက်ပြများ တစ်ပြေးညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင်
နေပြည်တော် ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးတင်ဦးလွင်က လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကို နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ
တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တစ်ပြေးညီဖြစ်စေရန်၊ တည်ဆဲယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်
မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေများ၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်
အချက်ပြများကို ညွှန်ကြားချက်နှင့်အညီလိုက်နာ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊
“အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ (National Road Safety
Council-NRSC)” ၏ လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်အောင်ပူးပေါင်း အကောင်အထည်ဖော်
ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် တိုးမြှင့် ဆောင်ရွက်ရန်
လိုအပ်သည့် အချက်များကို တက်ရောက်လာကြသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြပေးကြစေလိုကြောင်း
ပြောကြားသည်။
ထို့နောက်တက်ရောက်လာသည့်
ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊
လမ်းအမှတ်သားများနှင့် အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေး ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်
လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ
ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)

No comments