တာချီလိတ်နှင့်ကော့သောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော်၊ ဇန်နဝါရီ ၁၂  


ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဆန်နားကျေးရွာနေ စိုင်းရှဲန်နွံ ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီတွင် ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်နေ မထွေးညို ၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ချိန်းစောစက်ဖုံးများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ် ပေါက်ချက်အရ ည ၉ နာရီ၄၅ မိနစ်တွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်နေ မျိုးလွင်(ခ) ကိုမျိုးနှင့် ဇနီး မခင်နှင်းမူ(ခ)ခင်မူ တို့ကို ၎င်းတို့၏နေအိမ်၌ ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရ သည်။ 


(ရဲပြန်ကြား)


No comments

Powered by Blogger.