“အသက်ထက်မြတ်သောဂုဏ်သိက္ခာ” ဇာတ်တော်ကြီး ဒုတိယနေ့ ဆက်လက်တင်ဆက်



ရန်ကုန်  ဇွန်နဝါရီ ၁၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက စီစဉ်တင်ဆက်သည့် အသက်ထက်မြတ်သောဂုဏ်သိက္ခာ ဇာတ်တော်ကြီး တင်ဆက်မှု ဒုတိယနေ့ကို ယနေ့ မွန်လွဲပိုင်းတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ဆက်လက် တင်ဆက်ကပြသည်။

အဆိုပါ ဇာတ်တော်ကြီး တင်ဆက်ကပြမှုကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြန်မာ့ယဉ်ကျေးမှု အနုပညာကို စိတ်ဝင်စားကြသူများ တက်ရောက်ကြည်ရှုအားပေးကြသည်။


ဇန်နဝါရီ ၁၄ ရက်တွင် အဆိုပါ ဇာတ်တော်ကြီးကို အများပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ တပ်မတော်သားများနှင့် မိသားစုများ၊ ရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို ဆက်လက် တင်ဆက်ကပြ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)


No comments

Powered by Blogger.