ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နှင့် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားများကျင်းပ



နေပြည်တော် ဇန်နဝါရီ ၁၂ 

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့တွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်း ပ ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်များ နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ နှင့် တာဝန်ရှိသူများ ၊ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ပထမနှစ်တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့် ကာလတွင် တက်ရောက် ပညာဆည်းပူးခွင့်ရကြသည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် လယ်ယာ ကဏ္ဍအတွက် အားကိုး အားထားပြုရသည့် ထူးချွန်ပညာရှင်များအဖြစ် ထွက်ပေါ် လာရေး ကြိုးပမ်းသွားရန် မှာကြားလိုကြောင်း၊  မိမိတို့ လေ့လာသင်ယူပြီး တတ်ကျွမ်းရာ ပညာ ရပ်များ ဖြင့် ကျေးလက်နေပြည်သူများ ၊ အထူးသဖြင့် တောင်သူလယ်သမား စိုက်ပျိုး ထုတ်လုပ် သူများ ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာရေး နှင့် နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေး စွမ်းဆောင်ခြင်း ကို ထူးခြားသည့် အခွင့်အရေးတစ်ရပ်အဖြစ် ခံယူ ကြစေလိုကြောင်း၊ စိုက်ပျိုးရေးနည်းပညာများကို ပေါက် မြောက်အောင်မြင်အောင် သင်ယူ လေ့လာကြရာတွင် စိတ်ဓါတ်၊ စည်းကမ်း၊ စနစ်ကျန မှုတို့ကို လက်ကိုင်ထား ကြိုးစားသွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အမှာစကားပြောကြားသည်။

ထို့နောက် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားကျောင်းသူများက အက အလှများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီး က ကျောင်းသားကျောင်းသူများ အတွက် ထောက်ပံ့ငွေ ကိုလည်းကောင်း ၊ ဒုတိယဝန်ကြီး က အကအဖွဲ့အတွက် ဂုဏ်ပြုဆုငွေ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးတက္ကသိုလ်ကို ၁၉၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ (၁၂၀၀၀)ကျော် ၊ စိုက်ပျိုးရေးမဟာသိပ္ပံဘွဲ့(၆၀၀)ကျော် ၊ စိုက်ပျိုးရေးဘွဲ့လွန် ဒီပလိုမာ (၆၀)ကျော်၊ မဟာဒဿနဘွဲ့(၉)ဦး နှင့် ပါရဂူဘွဲ့ (၇၀)ကျော် သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ကာ လာမည့် ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးရေး တက္ကသိုလ် နှစ်(၁၀၀) ပြည့်မြောက်မည်ဖြစ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် နေပြည်တော်ကောင်စီဝင်များ သည် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး တို့က ကြိုဆိုအမှာစကားများ ပြောကြားကြသည်။

ဆက်လက်၍ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းသားကျောင်းသူများက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီး က ကျောင်းသား ကျောင်းသူများ အတွက် ထောက်ပံ့ငွေ ကိုလည်းကောင်း ၊ ဒုတိယဝန်ကြီး က အကအဖွဲ့ အတွက် ဂုဏ်ပြုဆုငွေ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် ဧည့်သည်တော် များသည် စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းသားကျောင်းသူများနှင့်အတူ နေ့လယ်စာ အတူ တကွ သုံးဆောင် ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်သေဆည်ရေသောက် ပုဗ္ဗသီရိမြို့ နယ် အေးမြင့်သာယာကျေးရွာ နှင့် ဇေယျာသီရိမြို့နယ် သာယာအေးကျေးရွာများတွင် ဆင်သေ ချောင်း ဝဲယာ ယာယီချောင်းပိတ် ဆည်များတည်ဆောက်လုပ်ငန်းခွင်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံ၍  ပြည်ထောင်စုဝန်ကြီး က ယခု တည်ဆောက်လျက်ရှိသည့် ယာယီချောင်းပိတ်လုပ်ငန်းများမှ သာယာအေး ကျေးရွာ ရှိ စိုက်ပျိုးမြေဧက(၁၆၀)ကျော် ၊ အေးမြင့်သာယာကျေးရွာ ရှိ စိုက်ပျိုးမြေဧက(၁၈၀)ကျော် တို့ကို အကျိုးပြုမည်ဖြစ်ရာ လုပ်ငန်းနှစ်ရပ်ပေါင်း ဧက(၃၅၀)ခန့် အကျိုးပြုနိုင်မည်ဖြစ်သော်လည်း ၊ တစ်နှစ် သုံးသီး စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက ဧက(၁၀၀၀)ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်၍ တောင်သူများ အတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများသည် စိုက်ပျိုး ရေး ဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ က မျိုးစေ့မှတ်ပုံတင်ရန် တင်ပြလာသည့် ဆီထွက်သီးနှံနေကြာနှင့် သီး နှံမျိုးစေ့များ စမ်းသပ်စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

 

(သတင်းစဉ်)


No comments

Powered by Blogger.