နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော် ဇန်နဝါရီ ၁၂

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက် ပြများ တစ်ပြေးညီဖြစ်စေရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဌ  ဦးတင်ဦးလွင်၊ တိုင်းဒေသကြီး/ ပြည် နယ်ဝန်ကြီး ချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသ ကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ ရန်ကုန်နှင့် မန္တလေး မြို့တော် ဝန်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်အရ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ နှင့်အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊တိုင်းဒေသကြီး/ ပြည် နယ် ကြီးကြပ်ရေးအဖွဲ့များ အားဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ ဗဟိုကြီးကြပ် ရေးအဖွဲ့ အနေဖြင့်လည်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးခေါ်ယူပြီး လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီ ပြည့်စုံညီညွတ် မှန်ကန် စေရေး လုပ်ငန်းအစီအမံများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

 ထို့ပြင် ဗဟိုကြီး ကြပ် ရေးအဖွဲ့အနေဖြင့် လမ်းများကို လက်တွေ့စီမံခန့်ခွဲ ဆောင်ရွက် နေကြသည့် ဝန်ကြီး ဌာနများနှင့် ဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများက ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ၊ ဒေသကြီး ကြပ် ရေးအဖွဲ့များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ၊ Road Safety Audit ကွင်းဆင်းစစ်ဆေးပြီး လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ ပြင်ဆင်ဖြည့် စွက်ဆောင်ရွက်သင့်သည့်အကြံပြုချက်များကို အချိန်နှင့်တစ် ပြေးညီ ညွှန်ကြားကြပ်မတ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ အနေဖြင့် ကွင်းဆင်းစစ်ဆေး အကြံပြုချက်များအပေါ် အမြန် အကောင်အထည်ဖော် ဆောင်ရွက်ကြ ရန်နှင့် ဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှုများကို အစီရင်ခံ တင်ပြ ကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်မည့် ဘဏ္ဍာငွေ အသုံးပြုခြင်းများကိုလည်းတည်ဆဲ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျလျာထား တောင်းခံသုံးစွဲကြရန်လိုပါကြောင်း၊ ဝန်ကြီး ချုပ်များနှင့် ဒေသကြီးကြပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့ နယ်မြေ ဒေသအလိုက် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်၊ အားနည်း ချက်များကိုအမြန်ဆုံးပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်မှု၊ မြေပြင်၌ လက် တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ၊ ဗဟို ကြီးကြပ်ရေးအဖွဲ့၏ Road Safety Audit ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုနှင့် သုံးသပ်အကြံပြု ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် များ၌မြေပြင်စစ်ဆေးစဉ်တွေ့ရှိရသည့် အားနည်းချက်၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာနယ်မြေဒေသအလိုက် ကြီးကြပ်ရေးအဖွဲ့ များဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု၊ ကွင်းဆင်းစစ်ဆေးမှု၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ နှင့် အချက်ပြများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ အသစ်စိုက်ထူရေးဆွဲပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်နှင့် ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က ပြန်လည်သုံးသပ်ဆွေးနွေးသည်။

ညှိနှိုင်းအစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ ဒုတိယ ဝန်ကြီး များနှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အတွင်း မော်တော်ဆိုင်ကယ် ယာဉ်တိုက်မှုအများဆုံးဖြစ်သည့်  ပျဉ်းမနား-တောင်ညိုလမ်း၊ သပြေကုန်း အဝိုင်း လမ်းပိုင်းနေရာသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန အင်ဂျင်နီယာမှူးကြီး (မြို့ပြ) က Road Safety Audit စစ်ဆေးတွေ့ရှိမှု ၊ မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ အဝိုင်းပတ် ဖြတ်သန်းမောင်းနှင် နိုင်ရေးအတွက် သုံးသပ်အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က မော်တော်ဆိုင်ကယ်များ အန္တရာယ် ကင်းစွာ အဝိုင်းပတ် မောင်းနှင် နိုင်ရေးအတွက် သပြေကုန်းအဝိုင်းရှိ လမ်းပေါ်ဆေးရေး အမှတ်အသား များကို ပြင်ဆင်ရေးဆွဲရန်၊ ယာဉ်ကြောကြိုတင် ပြောင်းရန် ဆေးရေးအမှတ်အသားနှင့် လမ်းညွှန် ဆိုင်းဘုတ်များစိုက်ထူ ရေးဆွဲရန်၊ လမ်းလယ် တစ်ဆက်တည်းမျဉ်းအား သတ်မှတ်အရောင်အတိုင်း ရေးဆွဲရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ် တိုက်မှု အဖြစ်များသော မိုင်တိုင်-၂၁၈ (၄ ဖာလုံ နှင့် ၇ ဖာလုံအကြား ) လမ်းပိုင်းနေရာသို့ သွားရောက် ကွင်းဆင်းစစ်ဆေးရာ အင်ဂျင်နီယာမှူးကြီး (မြို့ပြ) က Road Safety Audit စစ်ဆေးတွေ့ရှိမှုများနှင့် အကြံပြု ချက်များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များ အပေါ် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က အဆိုပါ လမ်းပိုင်း၌ ယာဉ်တိုက်မှု လျော့နည်းကျဆင်းရေး အတွက် လမ်းဘေးတွင် Clear Zone လုံလောက်စွာ ထားရှိရန်၊ လမ်းညွှန်းဆိုင်းဘုတ်များ ပြင်ဆင် ဆောင်ရွက်ရန်၊ လမ်းပေါ်ဆေးရေးအမှတ်အသားများ ပြည့်စုံစွာရေးဆွဲရန် မှာကြားသည်။ ယင်းနောက် Road Safety Audit အဖွဲ့၏ အကြံပြုချက် များအပေါ်သက်ဆိုင်ရာဒေသကြီးကြပ်ရေး အဖွဲ့နှင့် လမ်းဦးစီးဌာနတို့က အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)


No comments

Powered by Blogger.