ရှန်ဇူး-၁၅ အာကာသယာဉ်မှ ယာဉ်မှူးများ တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ဆုတောင်းစကား ပေးပို့
ပေကျင်း၊
ဇန်နဝါရီ ၂၃
တရုတ်နိုင်ငံမှ
လွှတ်တင်ခဲ့သည့် ရှန်ဇူး-၁၅ အာကာသယာဉ်မှ ယာဉ်မှူးများက
အာကာသအတွင်းရှိ တိုင်ဂွန်အာကာသစခန်းမှနေ၍ တရုတ် နှစ်သစ်ကူးပွဲတော်အတွက် နှစ်သစ်ကူးဆုတောင်းများကို ဇန်နဝါရီ ၂၁ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ယင်းအာကာသယာဉ်မှ
ယာဉ်မှူးများဖြစ်သည့် Fei Junlong၊ Deng Qingming နှင့် Zhang Lu တို့သည် ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသည့် ကံကောင်းခြင်းစာတန်းပါ
စတစ်ကာနှင့် အခြား ဆုတောင်း စကားများပါသည့် စတစ်ကာများကို ကမ္ဘာမြေပြင်သို့ပေးပို့ကာ
နှစ်သစ်ကူးဆုတောင်းခဲ့ ကြကြောင်း သိရသည်။
အဆိုပါအာကာသယာဉ်မှ
ခေါင်းဆောင်အာကာသယာဉ်မှူး Fei က တရုတ်နိုင်ငံနှင့် တရုတ် ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့်
သာယာဝပြောရေး အတွက် ဆုတောင်းခဲ့ကြောင်း သိရသည်။
ထို့ပြင်
အာကာသဆိုင်ရာပန်းချီပြပွဲအတွက် တရုတ်ကလေးငယ်များ ရေးဆွဲထားသည့် ပန်းချီ လက်ရာများကို
တိုင်ဂွန်အာကာသစခန်းမှနေ၍ အာကာသယာဉ်မှူးများက ပြသနေသည့် ဗီဒီယိုဖိုင်ကို တရုတ်အာကာသအေဂျင်စီက
ဇန်နဝါရီ ၂၁ ရက်တွင် ပြသခဲ့သည်။ အာကာသအတွင်း ခြောက်လခန့် တာဝန်ထမ်းဆောင်ခဲ့သည့် ရှန်ဇူး-၁၅
အာကာသယာဉ်မှ အာကာသယာဉ်မှူးများသည် သိပ္ပံပညာ ဆိုင်ရာ လက်တွေ့စမ်းသပ်မှု ၄၀ ကျော်ကို ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ကိုးကား-ချိုင်းနားဒေးလီ
ဘာသာပြန်-စိုးသူရ

No comments