ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သမ္မတရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပမည်
ဒါကာ ၊ ဇန်နဝါရီ ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သမ္မတ ရွေးကောက်ပွဲကို
ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဂျာဟန်ဂျာအလမ်းက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသည်။
ယှဉ်ပြိုင်တော့မည်မဟုတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့စည်းပုံ
အခြေခံဥပဒေက လူတစ်ဦးအနေဖြင့် သမ္မတရာထူးတာဝန်ကို
နှစ်ကြိမ်သာလျှင် ထမ်းဆောင်ခွင့် ပြုထားခြင်းကြောင့် လက်ရှိသမ္မတ အဗ္ဗဒူလ်ဟာမစ်သည်
နောက်ထပ်သမ္မတသက်တမ်းအတွက် ဝင်ရောက် ယှဉ်ပြိုင်တော့မည်မဟုတ် ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဂျာဟန်ဂျာအလမ်းက ဇန်နဝါရီ ၂၂ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ရုံး၌
ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိသမ္မတ
အဗ္ဗဒူလ်ဟာမစ်၏ သမ္မတသက်တမ်းသည် ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဂျာဟန်ဂျာ အလမ်းအနေဖြင့်
သမ္မတရွေးကောက်ပွဲ အစီအစဉ်များနှင့်စပ်လျဉ်း၍ မကြာမီကာလအတွင်း ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်းလည်း
ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်

No comments