သံဖြူဇရပ်မြို့နယ် နှစ်ကရင်ကျေးရွာ -သာဂရ ကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်း သံကူကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
နေပြည်တော်၊ ဇန်နဝါရီ ၂၂
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် နှစ်ကရင်ကျေးရွာ - သာဂရ
ကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်း သံကူကွန်ကရစ် တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁
ရက် ည ၇ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ် နှစ်ကရင်ကျေးရွာ - သာဂရ ကျေးရွာသွားကားလမ်း
သာဂရကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ အရှည် ပေ ၁၃၀ ၊ အကျယ်ပေ
၂၀ ရှိ သပြေချောင်း သံကူကွန်ကရစ် တံတားအားPDF အမည်ခံအကြမ်း ဖက်သမားများက မိုင်းထောင်
ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏ တောင်ဘက်ခြမ်းမှ
ကမ်းကပ်ခုံအနီးတွင် အချင်း ၁၀ ပေ ပတ်လည်ခန့် ကျွံကျပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ အများပြည်သူများ
သွားလာရေး အဆင်ပြေချောမွေ့စေရန် ဆောက်လုပ်ထားသည့်
သံကူကွန်ကရစ် ချောင်းကူး တံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများအား
ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ
က ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments