ကလေးဝမြို့နယ် ဆင်အိုင်မကျေးရွာအတွင်းရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး
နေပြည်တော် ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး
ကလေးဝမြို့နယ်ဆင်အိုင်မကျေးရွာအတွင်းရှိ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက
အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ PDF အမည်ခံ
အကြမ်းဖက်သမား အင်အား ၇၀ ခန့်သည် ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း
ဒေသကြီး ကလေးဝမြို့နယ် ဆင်အိုင်မကျေးရွာသို့ ရောက်ရှိလာပြီး နေအိမ်များအား အကြောင်းမဲ့
မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ
အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါ
ဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ
အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments