ဇန်နဝါရီလအတွင်း ပါကစ္စတန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်



အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ  ၃


ငွေကြေးဖောင်းပွမှု      အဓိက အတိုင်းအတာ  တစ်ခုဖြစ်သည့် ပါကစ္စတန်နိုင်ငံ၏    စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း  (စီပီအိုင်) မှာ ဇန်နဝါရီလအတွင်း ၂၇ ဒသမ ၅၅   ရာခိုင်နှုန်း    မြင့်တက်လာခဲ့ သည်။ အဆိုပါ ပမာဏမှာ  လွန်ခဲ့ သည့်နှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ် ပါက  ၁၂ ဒသမ ၉၆  ရာခိုင်နှုန်း စံချိန်တင်      မြင့်တက်လာကြောင်း  ပါကစ္စတန်    စာရင်းအင်းဗျူရို (ပီဘီအက်စ်)က ဖေဖော်ဝါရီ ၁ ရက်က ပြောကြားသည်။


အဆိုပါပမာဏမှာ    ၁၉၇၅ ခုနှစ်   မေလက ၂၇  ဒသမ  ၈ ရာခိုင်နှုန်းဖြင့်   မှတ်တမ်းတင်ခဲ့ သည့်နောက်ပိုင်း  ပါကစ္စတန်နိုင်ငံ ၌   အမြင့်ဆုံးငွေကြေးဖောင်းပွမှု ဖြစ်ကြောင်း သိရသည်။


စီးပွားရေး   ပညာရှင်များ၏ အဆိုအရ  စားနပ်ရိက္ခာငွေကြေးဖောင်းပွမှုသည် မကြာသေးမီက မြင့်တက်လာမှုကို တွန်းအားပေး သည့် အဓိကအချက်ဖြစ်ကြောင်း သိရသည်။   အဆိုပါ   ငွေကြေး ဖောင်းပွမှုနှုန်းမှာ     ယမန်နှစ် ဇန်နဝါရီလအတွင်း ၁၆၂ ဒသမ ၂၃ ရှိရာမှ ယခုနှစ် ဇန်နဝါရီလတွင် ၂၃၁ ဒသမ ၈၉ သို့ တိုးလာသဖြင့် ၄၃   ရာခိုင်နှုန်းအထိ   တိုးလာ ကြောင်း သိရသည်။ 


ဆင်ဟွာ


No comments

Powered by Blogger.