တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း၌ ငါးဖမ်းရေယာဉ်တစ်စင်း တိမ်းမှောက်မှုကြောင့် ကိုးဦး ပျောက်ဆုံးနေ


 

ဆိုးလ်၊ ဖေဖော်ဝါရီ ၆


တောင်ကိုရီးယားနိုင်ငံ၌ ငါးဖမ်းရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားသဖြင့် လူကိုးဦးပျောက်ဆုံးနေကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

 

တောင်ပိုင်း ဂျီအိုလာပြည်နယ် စီနန်ဒေသ အနောက်တောင်ဘက် မှ ၂၀ ကီလိုမီတာခန့်တွင် တည်ရှိသည့် လူသူမနေသော ဒဲဘီချီကျွန်း၏ အနောက်ဘက် ၁၆ ဒသမ ၆ ကီလိုမီတာရှိ ရေပြင်၌ ၂၄ တန် ငါးဖမ်းရေ ယာဉ်တစ်စင်း တိမ်းမှောက်သွားခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် သတင်းရရှိခဲ့သည်။

 

အဆိုပါယာဉ်ပေါ်တွင် ငါးဖမ်းသမား ၁၂ ဦး လိုက်ပါသည့်အနက် သုံးဦးကို အနီးအနားရှိ သင်္ဘောတစ်စင်းက ကယ်ဆယ်ခဲ့သည်။ အခြားကိုးဦးကို ကယ်ဆယ်ရေးလုပ်ငန်းများ တစ်ညလုံး ဆောင်ရွက်ခဲ့သော်လည်း မတွေ့ရှိသေးကြောင်း သိရသည်။

 

ကမ်းခြေစောင့်တပ်နှင့် ရေတပ်တို့သည် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ရန် သင်္ဘောများ၊ လေယာဉ်နှင့် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.