အီဂျစ်ဝန်ကြီးချုပ်ဟောင်း ရှာရစ် အစ္စမေးလ် အသက် ၆၇ နှစ်တွင် ကွယ်လွန်



ကိုင်ရို၊ ဖေဖော်ဝါရီ ၆

 

အီဂျစ်  ဝန်ကြီးချုပ်ဟောင်းရှာရစ် အစ္စမေးလ်သည် ဖေဖော်ဝါရီ ၄ ရက်က အသက် ၆၇ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း အီဂျစ်တရားဝင် သတင်းအေဂျင်စီ အမ်အီး အင်န်အေက ထုတ်ပြန်ထားသည်။

 

ဝန်ကြီးချုပ်ဟောင်း အစ္စမေးလ်သည် အစာခြေစနစ်အတွင်း ရောဂါရှိခဲ့ကြောင်း အစောပိုင်းက တရားဝင်မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။ ဝန်ကြီးချုပ်ဟောင်း အစ္စမေးလ်သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အီဂျစ်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ရေနံနှင့် သတ္တုအရင်းအမြစ် ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏ သေဆုံးမှုအတွက် ပြင်သစ်သမ္မတ အက်ဒယ်-ဖက်တာ အယ်လ်စီစီ၊ ဝန်ကြီးချုပ် မိုစတာဖာ မက်ဒ်ဘော်ယိုလီနှင့် အခြားအာဏာပိုင်များက ဝမ်းနည်းပူဆွေးခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ

 

No comments

Powered by Blogger.