ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၁၄၃၈ ဦး ထပ်မံတွေ့ရှိ



ဖေဖော်ဝါရီ ၈

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၁၄၃၈ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၃၁၃၁ ဦးသည် မြို့တော်တိုကျိုမှဖြစ်သည်ဟု သိရသည်။

ထိုကူးစက်မှုသည် ပြီးခဲ့သည့်သီတင်းပတ်ကူးစက်မှုမှ ၁၇၃၁ ဦး လျော့ကျလာခြင်းဖြစ်ပြီး ကူးစက်မှုလျော့ကျလာသည်မှာ ၂၁ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

မြို့တော်တွင် ယင်းရောဂါဖြင့် ၁၂ ဦး သေဆုံးခဲ့ပြီး အသက်ရှူအထောက်အကူပြုကိရိယာတပ်ဆင်ထားသူ ၄၁ ဦး ရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ထိုရောဂါကြောင့် ၁၆၁ ဦး သေဆုံးခဲ့ကြောင်း ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.