ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးရန် အပ်နှင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊  ၃ / ၂၀၂၃

၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း  ၁၃    ရက်

( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ   ၂   ရက်)

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့်  တရားစီရင်ရေးဆိုင်ရာ  စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-

(က) ထန်းတပင်မြို့နယ်

( ခ ) အုတ်ဖိုမြို့နယ်

( ဂ ) နတ်တလင်းမြို့နယ်

(ဃ) ပေါင်းတည်မြို့နယ်

( င ) ပေါက်ခေါင်းမြို့နယ်

၂။ တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ် မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။

                                                                     အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

No comments

Powered by Blogger.