မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးရန် အပ်နှင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊  ၂ / ၂၀၂၃

၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း   ၁၃   ရက်

( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂   ရက်)

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးနှင့်  နယ်မြေအေးချမ်း သာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အောက်ပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law)  အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-

(က) ဂန့်ဂေါမြို့နယ်

( ခ ) ထီးလင်းမြို့နယ်

( ဂ ) ဆောမြို့နယ်

(ဃ) ပေါက်မြို့နယ်

( င ) မြိုင်မြို့နယ်

၂။ တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ် မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊  စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်သည်။

                                                                         အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


No comments

Powered by Blogger.