အောင်မြင်သည့် ဩဂဲနစ်သုတေသန ဗဟိုဌာန ဖြစ်လာစေရေးအတွက် တောင်သူများ ဆက်စပ်လုပ်ငန်းများနှင့် ပူးပေါင်းကြိုးပမ်းကြစေလို
နေပြည်တော်၊
ဖေဖော်ဝါရီ ၆
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည်
အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့်အတူ ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန
ဩဂဲနစ်သုတေသန ဗဟိုဌာန၏ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာနိုင်ကြည်ဝင်းက ဩဂဲနစ်သုတေသနဗဟိုဌာန၏ ရည်ရွယ်ချက်များ လုပ်ငန်းဆောင်ရွက်ချက်များနှင့်
ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် ဩဂဲနစ်သုတေသန လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက
မိသားစုအိမ်ခြံဝန်းဥယျဉ် စိုက်ပျိုးခြင်းများ ပြန်လည်ထွန်းကားလာရေး
ဆောင်ရွက်ရာတွင် ဩဂဲနစ်စနစ် ကျင့်သုံးမှုဖွံ့ဖြိုးလာရေးကိုပါ တစ်ပါတည်း ကြိုးပမ်းကြရမည်ဖြစ်၍
စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့တွင်
ဆောင်ရွက်လျက်ရှိသည့် Home
Garden Project လုပ်ငန်းများနှင့် ဩဂဲနစ်သုတေသနဗဟိုဌာနတို့
ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေးလုပ်ငန်းသုံး မွေးမြူရေးဘေးထွက်ပစ္စည်းများ
နှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိုလည်း တောင်သူများ ဆက်စပ်လုပ်ငန်းများနှင့်
ပူးပေါင်းပြီး အောင်မြင်သည့် ဩဂဲနစ်သုတေသနဗဟိုဌာန ဖြစ်လာစေရေး ကြိုးပမ်းကြစေလိုကြောင်း
ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သုတေသနဓါတ်ခွဲခန်းများ၊
ပြခန်းများနှင့် သုတေသန စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးပြီး အဟာပြည့်ဝ၍ အစားအစာဘေးကင်းလုံခြုံရေးအတွက်
ရွေးချယ်သုံးစွဲမှု တိုးတက်လာသည်နှင့်အတူ ဩဂဲနစ်ထွက်ကုန်များ လိုအပ်ချက်မြင့်မားလာလျက်ရှိသည့်
အခြေအနေများ၊ မျိုးဆက်သစ် သုတေသနပညာရှင် လူသားအရင်း
အမြစ်များ တိုးပွားလာရေးဆောင်ရွက်ရန် လိုအပ်ချက်များ ကို တာဝန်ရှိသူများအား
ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments