ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၄,၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၂၇ ကီလို ဖမ်းဆီးရမိ




နေပြည်တော် ဖေဖော်ဝါရီ ၇ 


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၄,၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၂၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီတွင်  ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ကျော်စိုး မောင်းနှင်ပြီး မျိုးမင်းသန့် လိုက်ပါလာ သည့် Express ခရီးသည်တင် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၄,၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၂၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို ရှမ်းပြည်နယ် မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို  ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.