အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ
နေပြည်တော် ဖေဖော်ဝါရီ ၇
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၌ ဖွင့်လှစ်ပို့ချပေးသည်။
အဆိုပါသင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော် ဝင်းသိန်းက CPU သည် ဝန်ကြီးဌာနအသီးသီးတွင် အဂတိလိုက်စားမှု ဖြစ်ပွားနိုင်ခြေ အန္တရာယ်များကိုလေ့လာပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း၊ အဂတိလိုက်စားမှု အခွင့်အလမ်းများကို တားဆီးရန် ဌာန၏ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လေ့လာဆန်းစစ်၍ အားနည်းချက်များရှိပါက ဖော်ထုတ်ပြုပြင်ရန် လိုအပ် ကြောင်း၊ အဂတိလိုက်စားမှု ဖြစ်ပွားလာမှ အရေးယူခြင်းထက် ကြိုတင်တားဆီး ကာကွယ် ခြင်းသည် ပိုမိုထိရောက်ကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးသည် ကော်မရှင် တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ များနှင့် အများပြည်သူ ပါဝင်သောကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်အောင် မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး က CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလမ်းညွှန်ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူ ခြင်း အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


No comments