တရုတ်နိုင်ငံ ဖုန်းဈေးကွက်၌ ခေါက်ဖုန်းများ ရောင်းအား မြင့်တက်လာ
ပေကျင်း၊ ဖေဖော်ဝါရီ
၆
တရုတ်နိုင်ငံ ဖုန်းဈေးကွက်၌
ခေါက်ဖုန်းများ၏ရောင်းအားမှာ ၂၀၂၂ ခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာကြောင်း အစီရင်ခံစာတစ်ရပ်
အရ သိရသည်။
အဆိုပါဖုန်းများ၏ ရောင်းအားပမာဏသည် ယမန်နှစ်အတွင်း အလုံးရေ ၂ ဒသမ ၈၃ သန်းအထိ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ရောင်းအားများ
ပိုမိုတိုးတက်လာခဲ့ကြောင်း သုတေသနနှင့် အကြံပေးကုမ္ပဏီ CINNO Research ၏ အစီရင်ခံစာအရ
သိရသည်။
အဓိက စမတ်ဖုန်းအမှတ်တံဆိပ် ခုနစ်မျိုးသည်လည်း ယမန်နှစ်အတွင်း ရောင်းအားများ တိုးတက်လာကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါစမတ်ဖုန်းများ ရောင်းအားကောင်းလာခြင်းသည် တရုတ်နိုင်ငံတွင် ပြောင်းလဲလျက်ရှိသည့်
အော်ဂဲနစ် အလင်းထုတ်လွှတ်သော လျှပ်စစ်မျက်နှာပြင် နည်းပညာများကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင်
ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
No comments