တပို့တွဲလပြည့်နေ့တွင် သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၌ ဘုရားဖူးသူ ကုသိုလ်ကောင်းမှု ပြုသူများဖြင့်စည်ကား




မင်းဘူး ဖေဖော်ဝါရီ ၅


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ သမိုင်းဝင်ရှင်ပင် စက္ကိန်းတဲ စေတီတော်မြတ်ကြီး၌ ၁၃၈၄ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူ ပန်း၊ ရေချမ်းများ ကပ်လှူ၍ ကုသိုလ်ဘာဝနာ ပွားများသူများနှင့် ပဌာန်းဒေသနာ ပွားများသူများ၊ သီလဆောက်တည်သူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။ 


သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးသည် တန်ခိုးကြီး စေတီတစ်ဆူ ဖြစ်သည်နှင့်အညီ ရွှေစက်တော် ဘုရားပွဲရာသီတွင် နေ့စဉ် ဘုရားဖူးသူများ တဖွဲဖွဲလာရောက် ဖူးမြော်လျက်ရှိပြီး ရွှေစက်တော် ပါဒ စေတီတော်မြတ်ကြီးနှင့် နဂါးပွက်တောင်၊ ရှင်မင်းဘူးဘုရား၊ ဓါတ်တော်ကုန်းဘုရား၊ အောက်ကျောင်း သမုတ္တဂီရိ မြစေတီတော်များမှာလည်း ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

        

ဇေယျာထက်(မင်းဘူး)


No comments

Powered by Blogger.