ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်နှင့် မံစီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်



ဗန်းမော် ဖေဖော်ဝါရီ ၅


ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး၊ ဆီထွက်သီးနှံနေကြာ အပါအဝင် လယ်သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေမှုအခြေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၃ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


‌ဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မံစီမြို့သို့ သွားရောက်ပြီး မြို့တော်ခန်းမ၌ မြို့နယ်နှင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။


ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြှင့်လာစေရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမတည်ငွေများ လွှဲပြောင်းပေးလျက်ရှိပါကြောင်း၊ မံစီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ကြမည့် ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့၏ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မားလာသည်နှင့်အမျှ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးလာစေမည်ဖြစ်သည့်အပြင် နိုင်ငံတော်နှင့် ပြည်နယ်၏ စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာစေရန် စည်းလုံးညီညွတ်စွာဖြင့်  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော မြို့နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေခွဲဝေရမှုနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ မံစီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၃၀၀၀ ဖြင့် စိုက်ပျိုးလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာ ၄ ရွာ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၁ ရွာ၊ သမဝါယမအသင်းစုလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာ ၂ ရွာတို့နှင့် MSME လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်များက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် လိုအပ်ချက်၊ အခက်အခဲများကို တင်ပြကြရာ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် လိုက်နာဆောင်ရွက်သွားရမည့် လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေး သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းဆောင်ရွက်ကြမည့် တောင်သူများအတွက် တိရစ္ဆာန်‌ကူးစက်ရောဂါ ကာကွယ်ဆေးများ၊ မွေးမြူရေးအထောက်အကူပြု ဆေးဝါးများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ပြီး တောင်သူများ၏ လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မံစီမြို့၊ ကောင်ရာရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ရင်းနှီးမှုဖြင့် MSME လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဦးရွှေအိုက်၏ ဟာလာဆန်စက် လည်ပတ်မှုအခြေအနေများကို လည်းကောင်း၊ အဆိုပါရပ်ကွက်အတွင်းရှိ မန်ချက်စတာရေသန့်စက်ရုံ လည်ပတ်မှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့် ရှုစစ်ဆေးပြီး ကုန်ကြမ်းလိုအပ်ချက်၊ မှတ်ပုံရရှိရေးနှင့် FDA ခွင့်ပြုလက်မှတ်ရရှိရေး စသည်တို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် မံစီမြို့နယ်၊ နမ့်မဖွဲ့ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သော ကျေးရွာအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် နမ့်မဖွဲ့ကွင်း၌ တွေ့ဆုံပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးဦးစီးဌာန၏ ပညာပေး၍ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမည်ငွေဖြင့် ဆီထွက်သီးနှံ နေကြာ အပါအဝင် လယ်ယာသီးထပ်သီးနှံ စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ယူရီးယားဓာတ်မြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


အလားတူ ဗန်းမော်မြို့နယ်၊ စီဟဲကျေးရွာအုပ်စု၊ စီဟဲကွင်းသို့ ဆက်လက်သွားရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် မြေထောက်ပဲနှင့် ဆီထွက်သီးနှံ နေကြာသီးညှပ်စိုက်ခင်း၌ တောင်သူများနှင့်တွေ့ဆုံပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ယူရီးယားဓာတ်မြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကာ မြေထောက်ပဲခင်းအတွင်း နေကြာသီးညှပ်စိုက်ပျိုးထားရှိမှု၊ ကြက်သွန်နီ၊ အာလူးစိုက်ခင်းများဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မျိုးကောင်း မျိုးသန့်ရရှိရေး၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ စနစ်တကျသုံးစွဲနိုင်‌ရေး၊ လယ်ယာ သီးထပ်သီးနှံ စိုက်ပျိုးရေးအတွက် ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးနိုင်‌ရေး၊ သီးနှံများ ဈေးကွက်ရရှိရေး ညှိနှိုင်းဆွေးနွေး၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေး ဝန်ထမ်းများနှင့် တောင်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


ထို့နောက် ဗန်းမော်ခရိုင် စုပေါင်းရုံး၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် ခရိုင်/ မြို့နယ်/ ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တောင်သူများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။


တွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေး အခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်မှ ရန်ပုံငွေများ ခွဲဝေချပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြှင့်မားရေးနှင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ရန်ပုံငွေများဖြင့် ရင်းနှီးမတည်ပြီး ကုန်ထုတ်လုပ်မှုများကို ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။


ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ သမဝါယမအသင်း စုလုပ်ငန်းများနှင့် MSME လုပ်ငန်းဆောင်ရွက်သည့် တောင်သူများနှင့် လုပ်ငန်းရှင်များက စီမံကိန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရင်းနှီးမတည်ငွေ လက်ခံရရှိမှုအပေါ် သတ်မှတ်ချက်နှင့်အညီ ပြန်လည်ပေးဆပ်သွားမည့် အစီအစဉ်များ၊ လိုအပ်ချက်များကိုလည်းကောင်း၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဗန်းမော်ခရိုင်အတွင်း မြို့နယ်များအလိုက် စိုက်ပျိုးရေလုံလောက်မှုရှိစေရေးအတွက် ချောင်း၊ မြောင်း၊ အင်းအိုင်များတွင် ဆိုလာစနစ်ဖြင့်  ရေတင်ခြင်း၊ ချောင်းပိတ်မြောင်းပိတ်ခြင်းဖြင့် တစ်နှစ်ပတ်လုံး သီးနှံများ နှစ်သီး/သုံးသီး စိုက်ပျိုးနိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ သက်ဆိုင်ရာ လုပ်ငန်းစီမံကိန်းများအလိုက် ဆောင်ရွက်သွားရမည့် လုပ်ထုံးလုပ်နည်းများ ပြန်လည်ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေး ဆောင်ရွက်သော ကျေးရွာများအတွက် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးနှင့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို ထောက်ပံ့ပေးအပ်ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နာယကအဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံရှိ ကလေးကုသဆောင်၌ ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဆေးဝါးကုသမှု ခံယူနေသော ကလေးများ၊ မွေးဖွားပြီးစ ကလေးငယ်များအား လှည့်လည်ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် ထောက်ပံ့ငွေများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကာ ကုသဆောင်ဝင်းအတွင်း လိုအပ်ချက်များ ပြုပြင်တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ဗန်းမော်မြို့ သာစည်ကုန်းရပ်ကွက်အတွင်း ပင်စင်ကုန်းလမ်း (ဆေးရုံရှေ့မှတံတားအထိ) လမ်းတိုးချဲ့ခင်းကျင်းနိုင်ရေးနှင့် သံကူကွန်ကရစ်တံတား အရှည်ပေ ၁၃၀၊ အကျယ် ၂၀ ပေအား စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေမှု အခြေအနေများကို တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်‌ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးအောင်‌ရွက်သွားရေး၊  လမ်းတိုးချဲ့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ဗန်းမော်မြို့နယ်အတွင်း မိသားစု တစ်ပိုင်တစ်နိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်း တိုးတက်မြင့်မားရေးနှင့် ကုန်ထုတ်မှုများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့သည်။


ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များ၏ စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ပစ္စည်း ထုတ်ကုန်များအတွက် ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေများ၊ ဈေးကွက်တင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လုပ်ငန်း မှတ်ပုံတင်ရရှိမှု အခြေအနေများ၊ ချေးငွေရရှိလိုမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် လုပ်ငန်းရှင်များအား လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာများ ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ပြည်နယ်(ပြန်/ဆက်)


No comments

Powered by Blogger.