(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ



ကျိုက်မရော ဖေဖော်ဝါရီ ၅


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းရှိ မွန်အမျိုးသားနေ့မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။


ဦးစွာ မွန်တိုင်းရင်းသားလူမျိုးတို့၏ အမျိုးသားအလံကိုလွှင့်ထူကာ စုပေါင်းချီတက် အလေးပြုခဲ့ကြသည်။ ဆက်လက်၍ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော် သံဃာ့ဝန်ဆောင် သဒ္ဓမ ဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဓန္တ ဝါရီန္ဒ. ကြီးမှူး၍ တပည့်ဒါယကာ၊ ဒါယိကာမများ စုပေါင်းကာ ဆရာတော်၊ သံဃာတော်များအား နံနက်အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် နံနက် ၇ နာရီတွင် (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာကို  မွန်တိုင်းရင်းသား တစ်ဦးက မြန်မာဘာသာ (မွန်ဘာသာ)တို့ဖြင့် ဖတ်ကြားခဲ့သည်။


ကျိုက်မရောမြို့နယ်တွင် မွန်လူမျိုး အများစုစုပေါင်းနေထိုင်ကြရာ မွန်အမျိုးသားနေ့အခမ်းအနားများကို နေရာအနှံ့ ကျေးရွာအနှံ့ စည်ကားသိုက်မြိုက်စွာ ရိုးရာမပျက် နှစ်စဥ် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ (၇၆)ကြိမ်မြောက်ပြည့်ခဲ့ပြီး ထိုနေ့တွင် မွန်အမျိုးသားနေ့ အထိမ်းအမှတ် ရိုးရာပျော်ပွဲရွှင်ပွဲများ၊ မွန်ရိုးရာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ မွန်ရိုးရာ အစားအစာများဖြင့် စတုဒိသာ ကျွေးမွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း၊ မွန်လူမျိုးများအပြင် ဒေသခံပြည်သူများကပါ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး ထိုနေ့တွင် မွန်ရိုးရာ တိုင်းရင်းသားအကများဖြင့် ဧည့်ခံဖျော်ဖြေကာ စတုဒိသာအဖြစ် ရိုးရာအစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံလျက် လာရောက်စားသောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


No comments

Powered by Blogger.