ဇီးကုန်းမြို့နယ် သမဝါယမအသင်းစုလီမိတက်ပိုင် ဆီစက်က မြေပဲနှင့် နှမ်းများ ကြိတ်ခွဲဖြန့်ဖြူး




ဇီးကုန်း၊ မတ် ၂၀


ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဈေးလမ်းရှိ မြို့နယ်သမဝါယမအသင်းစု လီမိတက်ပိုင် ဆီစက်သည် မြေပဲနှင့် နှမ်းများကို ကြိတ်ခွဲဆောင်ရွက်လျက်ရှိသည်။


ဆီကြိတ်ခွဲမှုအနေဖြင့် မြေပဲတစ်တင်း ကြိတ်ခွဲလျှင် မြေပဲဆီ ၇ ဒသမ ၆၀ ပိဿာနှင့် နှမ်းတစ်တင်း ကြိတ်ခွဲလျှင် နှမ်းဆီ  ၆ ဒသမ ၃၀ ပိဿာ ကြိတ်ခွဲနိုင်သည်။ တစ်နေ့လျှင် နှမ်းဆီ ၆၃ ပိဿာခန့် ထွက်ရှိ၍ ဆီစက်အတွက် လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် မြေပဲများကို ပေါင်းတည်ပွဲရုံနှင့် နှမ်းများကို ကြို့ပင်ကောက်မြို့မှ ဝယ်ယူကြိတ်ခွဲလျက်ရှိပြီး ထွက်ရှိလာသည့် နှမ်းဆီနှင့် မြေပဲဆီများကို အသင်းသားပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သမဝါယမဦးစီးဌာန

No comments

Powered by Blogger.