တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလို ဖမ်းဆီးရမိ




နေပြည်တော် မတ် ၁၄


တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၀ ရက် နံနက် ၁၁ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မြို့မှ မြိတ်မြို့သို့ ဖိုးသဲ မောင်းနှင်ပြီး သန်းထွန်းအောင်(ခ)မဲကြီး၊ ဇာနည်ဦး(ခ)စိန်သူနှင့် မြတ်သူ(ခ)ဘုကြီး တို့လိုက်ပါလာသော MITSUBISHI FUSO ခရီးသည်တင် မှန်လုံယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်ပါ ပလတ်စတစ်ခြင်း ၆ ခြင်းအတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်း နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းမိမူးယစ် ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီးမှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.