ဂျပန်နိုင်ငံ၌ ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု အနည်းဆုံးနေ့ဖြစ်



မတ် ၁၄

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၆၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါကူးစက်မှုသည် ယခုနှစ်အတွင်း ၎င်းရောဂါနေ့စဉ်ကူးစက်မှုတွင် အနည်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၇ ဦးသေဆုံးကြောင်း ထိုဝန်ကြီးဌာနက အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံအတွင်း ခရိုင် ၄၇ ခုရှိသည့်အနက် မြို့တော်တိုကျိုတွင်  ရောဂါကူးစက်ခံရသူ ၃၁၃ ဦးထပ်မံတွေ့ရှိသဖြင့် ကူးစက်မှုအများဆုံးဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူ ၁၁၁ ဦး ရှိသည့်အနက် ခုနစ်ဦးသည် တိုကျိုမြို့မှဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.