ကယားပြည်နယ် အစိုးရအဖွဲ့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်




လွိုင်ကော်      မတ်       ၂၂


ကယားပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို မတ် ၂၂ ရက် ညနေပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ  ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က “တိုင်းရင်းသားများ၏ မိရိုးဖလာလုပ်ငန်းများအပါအဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ တိုးတက်အောင် လိုအပ်သည်များကို ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်တည်ငြိမ် အေးချမ်းလာစေရေးအတွက် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးကြောင်း” ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကယား၊ ကယန်း၊ ကယော၊ ဂေဘား၊ မနုမနော၊ ယင်းတလဲ၊ ဗမာ၊ ကရင်၊ ရှမ်း၊ ပအိုဝ်း၊ အင်းသားနှင့် လီဆူ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာကော်မတီများမှ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။


ထို့နောက် တက်ရောက်လာကြသည့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့များ၏ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပြီး ကော်မတီအဖွဲ့ဝင်များကို ယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ပြည်နယ်(ပြန်/ဆက်)


No comments

Powered by Blogger.