ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ

 



တောင်ကြီး       မတ်       ၂၁

 

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို မတ် ၂၁ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက “ခရီးသွားလုပ်ငန်းသည် ဒေသခံပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိရေးကို အထောက်အကူပြုသလို ပြည်နယ်အတွက် အခွန်အကောက်များ တိုးပွားရရှိစေသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်သောကြောင့် ကော်မတီဝင်များအနေဖြင့် ကောင်းမွန်သော ရလဒ်ကောင်းများ ရရှိစေရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်” ပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ယခင် ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကာ ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

 

မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.