ထားဝယ်ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှု၊ ဆန်းချီဝန်ထမ်းအိမ်ရာတို့ကို ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး




နေပြည်တော်        မတ်       ၂၂


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ မတ် ၂၁ ရက်က  တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်ပြည်သူ့ဆေးရုံ လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး စီမံကိန်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ရန်၊ သတ်မှတ်ချိန်ပြီးစီးရေး၊ လက်ရာသေသပ်ကောင်းမွန်ရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


မတ် ၂၂ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ်မြို့၊ ဆန်းချီဝန်ထမ်းအိမ်ရာသို့ ရောက်ရှိပြီး တနင်္လာရီတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ထားဝယ်မြို့ရှိ ဝန်ထမ်းအိမ်ရာများ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်တင်ပြရာ ဒုတိယဝန်ကြီးက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းတင်ဒါများပေးရာတွင် သက်မှတ်တင်ဒါ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးအတွက် စနစ်တကျ ကြီးကြပ် ဆောင်ရွက်ရေး၊ လက်ရာသေသပ်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး တည်ဆောက်ပြီး ဝန်ထမ်းအိမ်ရာ အဆောက်အအုံနှင့် တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာ မြေနေရာတိုကို ကြည့်ရှုစစ်ဆေးခဲ့သည်။


သတင်းစဉ်

No comments

Powered by Blogger.