ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ရူပဗေဒဘာသာရပ်) အား အေးချမ်းစွာ ဆက်လက်ဖြေဆို



ကျိုက်ထို မတ် ၁၄

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ မတ် ၁၄ ရက်တွင် ရူပဗေဒဘာသာရပ်အား အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပသည့် စာစစ်ဌာန (၄)ခုရှိပြီး အထက (၁)စာစစ်ဌာနတွင် ရူပဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း (၂၇၈)ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ (၂၅၅) ဦး၊ ပျက်ကွက် (၂၃) ဦး၊ အထက(၂) စာစစ်ဌာနတွင် စာရင်းပေးသွင်းသူ (၃၈)ဦး၊ လာရောက် ဖြေဆိုသူ (၃၇) ဦး၊ ပျက်ကွက် (၁) ဦး၊ အထက(ကျိုက္ကသာ)စာစစ်ဌာန၌ စာရင်းပေး သွင်းသူ(၂၀)ဦးဖြေဆိုသူ(၁၇)ဦး ပျက်ကွက်သူ (၃)ဦး အထက(သိမ်ဇရပ်)စာစစ်ဌာန၌ စာရင်း ပေးသွင်းသူ(၂၁၇)ဦးဖြေဆိုသူ(၁၉၉)ဦး ပျက်ကွက်သူ(၁၈)ဦး ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၅၃)ဦး ရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ (၅၀၈)ဦး၊ ပျက်ကွက်သူ (၄၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်ပြန်/ဆက်


No comments

Powered by Blogger.