မော်လမြိုင်-ဘားအံ(အတ္ထရံ) မြစ်ကူးတံတား ကြံ့ခိုင်မှုအားနည်း၍ မော်တော် ယာဉ်များအား လမ်းလွှဲမှ မောင်းနှင်စေလျက်ရှိ




မော်လမြိုင် မတ် ၁၇


မော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်းပေါ်ရှိ  မော်လမြိုင်-ဘားအံ(အတ္ထရံ) မြစ်ကူး တံတားသည် မတ်လ  ၁၂   ရက်နေ့မှစတင်၍ တံတားကြံ့ခိုင်မှုအားနည်း‌နေပါသဖြင့် မော်တော်ယာဉ်များအား လမ်းလွှဲမှ မောင်းနှင်လျက်ရှိကြောင်း သိရသည်။


အဆိုပါမော်လမြိုင်-ဇာသပြင်-အိန္ဒုလမ်းပေါ်ရှိမော်လမြိုင်-ဘားအံ (အတ္ထရံ) မြစ်ကူးတံတားသည် ကြံ့ခိုင်မှုအားနည်းနေပါသဖြင့် တံတားပေါ်တွင် ၃တန်နှင့်အောက် မော်တော်ယာဉ်များသာ ဖြတ်သန်းသွားလာခွင့်ပြုပြီး ၃တန်အထက် ယာဉ်များကို တရနာ (ခရုံဂူ) - စံပယ်ဂူ ကျိုက်မရောလမ်းအား ရှောင်ကွင်း လမ်းအဖြစ် မောင်းနှင်စေလျက်ရှိကြောင်းနှင့် ခရုံဂူလမ်းဆုံ မိုင်တိုင်အမှတ် ၆/၃ နှင့်  ကျိုက်မရော (ဟင်္သာအဝိုင်း) မိုင်တိုင် အမှတ် ၀/၀ တို့တွင် ကြိုတင် သတိပေးဆိုင်းဘုတ် (၄) ခု နှင့် Barrier Gate (၆) ခုတို့ကို  ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ရှောင်ကွင်းလမ်းအဖြစ် အသုံးပြုနိုင်ရန် အသိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိပြီးဖြစ်ကြောင်း မွန်ပြည်နယ် လမ်းဦးစီးဌာန တာ၀န်ရှိသူတစ်ဦးထံမှ သိရှိရသည်။


ခင်စန်းမြင့်ခရိုင်ပြန်/ဆက်

No comments

Powered by Blogger.