နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဟိုပုံးမြို့ရှိ ကော်ဖီစက်ရုံသို့ သွားရောက်ကြည့်ရှု






ဟိုပုံး မတ် ၁၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်ရှိ အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းဖြစ်သည့် Coffee neo စက်ရုံသို့ မတ် ၁၇ ရက် နံနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးပိုးရယ်အောင်သိန်းနှင့် ဦးခွန်စံလွင်တို့က သွားရောက်ကြည့်ရှုရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုအနီးရှိ ဟိုပုံးရေထွက်ကြီး အပန်းဖြေနားနေစခန်းကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။


မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.