တူကီယဲနိုင်ငံ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သော ဒေသများတွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်



မတ် ၁၄

တူကီယဲနိုင်ငံတောင်ပိုင်းဒေသများတွင် ပျက်စီးမှုများပြားခဲ့သောငလျင်များလှုပ်ပြီးနောက်ပိုင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ ပမာဏနှင့်နောက်ဆက်တွဲငလျင်များလှုပ်မှုကြောင့် အဆောက်အဦးများ ပျက်စီးခဲ့သဖြင့် ငလျင်ဒဏ်ခံပြည်နယ်ခုနစ်ခုတွင် စာသင်ကျောင်းများပိတ်ထားခဲ့ရသည်။

အဆိုပါငလျင်များလှုပ်မှုကြောင့် တူကီယဲနိုင်ငံတွင် လူပေါင်း ၄၈၄၄၈ ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု သိရသည်။

ဘေးကင်းလုံခြုံမှုစစ်ဆေးချက်များပြုလုပ်ပြီးနောက် ယမန်နေ့က ထိုပြည်နယ်သုံးခုရှိ စာသင်ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကျောင်းသူကျောင်းသား ၆၀ ရာခိုင်နှုန်းကျောင်းပြန်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကျန်ပြည်နယ်လေးခုရှိ စာသင်ကျောင်းများကို မတ်လ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.