သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့) သင်တန်းဖွင့်လှစ်

 



သင်္ဃန်းကျွန်း မတ် ၂၀


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။


ဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်မှ လူငယ်များ ဗလငါးတန် ပိုမိုဖွံဖြိုးတိုးတက်စေရန်အတွက် အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း၊ ယခုလို သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းကြောင့် ကလေးငယ်များ စိတ်ကူးစိတ်သန်း ပိုမို‌ကောင်းမွန်လာပြီး တီတွင်ကြံဆတတ်လာမည်ဖြစ်ကြောင်း စသည့် သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။  


သင်တန်းတွင် ပန်းချီဆရာမ စာရေးဆရာမ လမင်းအိမ်(ဥပဒေ)က ပန်းချီရေးဆွဲနည်းများ၊ မျဉ်းအကြောင်း၊ ဆတိုး/ဆခွဲနည်း၊ (မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေးနည်းပညာ၊ အရာဝတ္ထုရေးဆွဲနည်းများကို ကျောင်းသား၊ ကျောင်းသူ (၂၀)အား သင်ကြားပေးသွားမည်ဖြစ်ပြီး မတ် ၂၀ ရက်မှ တ် ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုဘုန်း(သင်္ဃန်းကျွန်း)

No comments

Powered by Blogger.