ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ရထားမီးလောင်မှုကြောင့် နှစ်ဦးသေဆုံးပြီး လေးဦးပျောက်ဆုံး
အစ္စလာမ်မာဘတ်၊ ဧပြီ ၂၇
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်၌
ဧပြီ ၂၇ ရက်က ခရီးသည်တင်ရထား မီးလောင်မှုကြောင့် နှစ်ဦးသေဆုံးကာ လေးဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု
ပါကစ္စတန် မီးရထားဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ ကရာချိအမြန်ရထား ရိုးရိုးတန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါရထားသည် ဆင်းဒ်ပြည်နယ် ကရာချိမြို့မှ
ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းသို့ ဦးတည် ခုတ်မောင်းလာပြီး နံနက် ၁၂ နာရီ မိနစ် ၃၀ တွင်
မီးလောင်ခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကို ရှောင်ကွင်း
ရန်အတွက် အသက် ၄၀ အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ ရထားပေါ်မှ ခုန်ချခဲ့ရာမှ
သေဆုံးခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ဦးမှာ မည်သို့သေဆုံးရသည်ကို မသိရသေးပေ။
ရထားမီးလောင်မှုကို မိနစ်လေးဆယ်ကြာ
ငြှိမ်းသတ်ခဲ့ရပြီး နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရထားပြန်ထွက်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်အတွက်
စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက်ရှိသည်။ ပါကစ္စတန် မီးရထားအဖွဲ့ချုပ်ရုံးမှ အထူးအဖွဲ့သည်
အဆိုပါမီးလောင်မှုကို စုံစမ်းလျက်ရှိသည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆင်ဟွာ

No comments