ဆိုမာလီနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း မိုးခေါင်မှုကိုဖြေရှင်းရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁၂ သန်းသုံးစွဲ
မိုဂါဒစ်ရှူး၊ ဧပြီ ၂၇
ဆိုမာလီနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း
ဆိုးရွားသည့် မိုးခေါင်မှုအခြေအနေကို ဖြေရှင်းရန် ဆိုမာလီ လူသားချင်းစာနာမှု ရန်ပုံငွေ
(အက်စ်အိတ်ချ်အက်ဖ်)မှ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁၂ ဒသမ ၄ သန်းကို သုံးစွဲခဲ့ကြောင်း
ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အေဂျင်စီက ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။
ဆိုမာလီနိုင်ငံ၌ လူသားချင်း စာနာထောက်ထားမှု
အကူအညီနှင့် အကာအကွယ်များ လိုအပ်နေသည့် လူအရေအတွက်မှာ ၂၀၂၁ ခုနှစ်က ၅ ဒသမ ၉ သန်း ရှိရာမှ
၂၀၂၂ ခုနှစ်တွင် ၇ ဒသမ ၈ သန်းအထိ တိုးလာခဲ့ကြောင်း ဆိုမာလီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ
ညှိနှိုင်းရေးမှူး အက်ဒမ် အက်ဒဲမိုလာက ပြောကြားသည်။
ဆိုမာလီနိုင်ငံ၌ နှစ် ၄၀ အတွင်း အဆိုးရွားဆုံး
မိုးခေါင်ရေရှားမှုကြောင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များကို
ကိုင်တွယ်ဖြေရှင်းရန် ရန်ပုံငွေကို မဟာဗျူဟာကျကျ အသုံးပြုခဲ့ကြောင်း အစီရင်ခံစာတွင်
ဖော်ပြခဲ့သည်။ ၂၀၂၁ တွင် ဒေါ်လာ ၅၈ ဒသမ ၇ သန်းရရှိရာမှ ၂၀၂၂ခုနှစ် တွင် ဒေါ်လာ ၆၇ သန်းအထိ
ပံ့ပိုးမှုများ တိုးမြင့်လာသည့်အတွက် ၎င်းက အလှူရှင်နိုင်ငံများအား ချီးကျူးထားကြောင်း
သိရသည်။
ဆင်ဟွာ

No comments