ဆူဒန်နိုင်ငံ၌ ဆေးဘက်ဆိုင်ရာ ကုသပေးမှုများမရရှိသည့်အတွက် သေဆုံးသူဦးရေတိုးလာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ခန့်မှန်း
ခါတွန်၊ ဧပြီ ၂၈
ဆူဒန်နိုင်ငံ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး
အဓိကကျသည့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် သေဆုံးသူဦးရေမှာ
ပို၍တိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အကြီးအကဲက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာနေရာများသို့ အစားအစာနှင့်
သောက်ရေပို့ဆောင်ပေးနိုင်ခြင်းမရှိခြင်း၊ ကျန်းမာ ရေးဆိုင်ရာ ဝန်ဆောင်မှုများ မပေးနိုင်ခြင်းတို့ကြောင့်
နောက်ထပ်သေဆုံးသူများလာနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ်
တက်ဒရို့ဒ် အက်ဒ်ဟာနွန် ဂီဘရီယက်ဆုက ပြောသည်။
ဆူဒန်နိုင်ငံမြို့တော် ခါတွန်၌ ဆေးဘက်ဆိုင်ရာ
ဝန်ဆောင်မှုကို ၁၆ ရာခိုင်နှုန်းသာ ပြုလုပ်နိုင်ခဲ့သည်။ မြို့တော်မှ ဆရာဝန်၊ သူနာပြုနှင့်
ဆေးဘက်ဆိုင်ရာဝန်ထမ်းများမှာ ဒဏ်ရာရရှိသူများကို ကူညီ၍ မရဖြစ်နေသည်။
သွေးထွက်သံယိုမှုများကို ဆေးကုသခွင့်ရရှိခဲ့ပါက
သေဆုံးသူများထဲမှ လေးပုံတစ်ပုံကို ကယ်တင် နိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားသည်။
ဆူဒန်တပ်ဖွဲ့နှင့် Rapid Support Forces အဖွဲ့တို့ကြား ၇၂ နာရီ အပစ်အခတ်ရပ်စဲရန် သဘောတူထားသော်လည်း
တိုက်ပွဲများဆက်လက် ဖြစ်ပွားလျက်ရှိသည်။ ဆူဒန်နိုင်ငံ၌ အမေရိကန်တစ်ဦး ထပ်မံအသတ်ခံခဲ့ရကြောင်း
ဧပြီ ၂၆ ရက် တွင် အိမ်ဖြူတော်မှ ပြောသည်။
အင်န်အိတ်ချ်ကေ

No comments