နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်ကြမ်းမြို့နယ်အတွင်းရှိ ကျွင်ညဲကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း



နေပြည်တော် ဧပြီ  ၂၈


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းအခက်အခဲမရှိစေရေးအတွက်  ဆွန်းဆန်တော်၊ ဆီ၊  ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းသည်။


ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကုန်းကြမ်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းမိသားစုများက ကုန်းကြမ်းမြို့နယ်၊ ကျွင်ညဲ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် အရှင်သောဘသာထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.