ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Marcoluigi Corsi နှင့်တွေ့ဆုံ



နေပြည်တော် ဧပြီ ၂၈


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Marcoluigi Corsi ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမတွင် တွေ့ဆုံသည်။


တွေ့ဆုံစဉ် UNICEF လက်ရှိလုပ်ငန်းအစီအစဉ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း များ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာ၊ နေထိုင်ခွင့်သက်တမ်းတိုးခြင်းနှင့် ပြည်တွင်းခရီးသွားလာရေးထောက်ခံမှု ပြုနိုင်မည့်ကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းကိစ္စ၊ ဝန်ကြီးဌာနနှင့်  UNICEF တို့ ဆက်လက်၍ ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်နိုင်ရေး အစီအစဉ်များကို ပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.