ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၂၄၅၀၀၀၀ သိန်း ထုတ်ချေး

 



နေပြည်တော် မေ ၃၀


နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိသည်။


စိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၈ ရက်မှစတင်၍ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ အခြားသီနှံ တစ်ဧကလျှင် ၁၀၀၀၀၀ နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိရာ တောင်သူတစ်ဦးကို စိုက်ပျိုးမြေဧက ၁၀ ဧကအထိ ထုတ်ချေးနိုင်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ငွေကျပ် ၁၀၀ ကို တစ်နှစ်လုံးအတွက် ၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး သီးနှံပေါ်ချိန် ပြန်ဆပ်သည့်အခါ အတိုးအရင်းပေါင်းကာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင် သိရသည်။


ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်ခွဲအနေဖြင့် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၆ အုပ်စု၊ ဇမ္ဗူသီရိမြို့နယ်မှ ကျေးရွာအုပ်စု သုံးအုပ်စုနှင့် ဥတ္တရသီရိမြို့နယ်ရှိ ကျေးရွာအုပ်စု ခုနစ်အုပ်စုတို့မှ တောင်သူ ၄၃၁၄ ဦးတို့၏ စပါးစိုက်ဧက ၁၇၃ ဧကနှင့် အခြားသီးနှံစိုက်ဧက ၆၈ ဧက အတွက် စုစုပေါင်းငွေကျပ် ၂၅၈၂၁၅၀၀၀၀ ကျပ်ကို လျာထားလျက်ရှိရာ မေ ၃၀ ရက်တွင် သစ်တွန်ကျေးရွာအုပ်စုနှင့် ညောင်ပင်သာကျေးရွာအုပ်စုရှိ တောင်သူ ၁၁၈ ဦး၏ စပါးစိုက်ပျိုးဧက ၃၆၉ ဧကနှင့် အခြားသီးနှံစိုက်ပျိုးဧက ၈၉ ဧကတို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း  ကျပ် ၆၂၄၅၀၀၀၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နန့်တင်စန်းထံမှ သိရသည်။ 


မျိုးသီဟ(ပြန်/ဆက်) 

No comments

Powered by Blogger.