ဒက္ခိဏသီရိမြို့နယ် ရွှေမြိုင်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော် အပါး ၅၀ အား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထပ်ဆောင်းထိုးနှံ

နေပြည်တော် မေ ၃၀


နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထပ်ဆောင်းထိုးနှံပေးခြင်းကို မေ ၃၀ ရက် နံနက်ပိုင်းမှစတင်၍ အဆိုပါကျောင်းတိုက်ရှိ  ဓမ္မာရုံ၌ ထိုးနှံပေးသည်။


ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မြထွေးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဆရာတော်၊ သံဃာတော်များအား ရှင်းလင်းလျှောက်ထားကာ ရွှေမြိုင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇသာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အပါး ၅၀ကို ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးသည်၊၊


ယခုထိုးနှံပေးသည့် ကာကွယ်ဆေးများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shenzfen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူးနှင့် တောင်တရုတ်ပင်လယ် တရုတ်ဗုဒ္ဓဘာသာ ဒုတိယဥက္ကဋ္ဌ Hongfa ဘုန်တော်ကြီးကျောင်း ဆရာတော်  Venerable Master Yinshun တို့ကိုယ်စား တရုတ်ကုန်သည်ကြီးများအသင်းက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများ ထံလာရောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေမြိုင်ပရိယတ္တိ စာသင်တိုက်အပါအဝင် ပျဉ်းမနားမြို့နယ်ရှိ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက်၊ ဇမ္မူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်၊ ဥတ္တရသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်နှင့် သိရိမင်္ဂလာသစ်ဝင်တိုင်းကျောင်း၊ တပ်ကုန်းမြို့နယ်ရှိ ငွေတောင်တောရကျောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ရွာသစ်ကြီး ပရိယတ္တိစာသင်တိုက်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည်သာ ပရိယတ္တိစာသင်တိုက်နှင့် ထူးကြီးပရိယတ္တိစာသင်တိုက်တို့မှ ဆရာတော်၊ သံဃာတော်နှင့် သီလရှင် စုစုပေါင်း အပါး ၁၀၀၀ ကို တစ်ပြိုင်တည်းထိုးနှံပေးလျက်ရှိကြောင်း နေပြည်တော် သာသနာရေးမှူးရုံးမှ သိရသည်၊၊


အောင်ကို(ပြန်/ဆက်)






No comments

Powered by Blogger.