ရေးမြို့နယ်၌ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာသည့် လူငယ်(၂)ဦးအား မိဘများထံ ပြန်လည်အပ်နှံ

ရေး မေ ၃၁


မွန်ပြည်နယ်၊ ရေးခရိုင် ရေးမြို့နယ်တွင် ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာသည့် လူငယ်(၂)ဦးအား မိဘများထံသို့ ပြန်လည်အပ်နှံခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ပြီး ဒုတိယစစ်ဆင်ရေးကွပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းမင်းက အလင်းဝင်ရောက်လာသည့် လူငယ်(၂)ဦးအား ကြိုဆိုကြောင်း ပြောကြားပြီး ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော လူငယ်(၂)ဦးထံမှ လက်နက်/ခဲယမ်းများကို ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးက လက်ခံကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစန်းမင်းက ဆုကြေးငွေများပေးအပ်၍ အလင်းဝင်လူငယ်များအား ၎င်းတို့၏ မိဘများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။


မင်ဆန်း





No comments

Powered by Blogger.