လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရောက်ရှိ





နေပြည်တော် မေ ၃၀


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှ တင်သွင်းလာသော Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်အစီး (၆၄၀) သည် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာပါသဖြင့် ယနေ့တွင် လုပ်ထုံးလုပ် နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ် ခွင့်ပြုထားကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.