ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တောင်ကြီးမြို့ရှိ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံ




နေပြည်တော် မေ ၃၀


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက သစ်တောဆိုင် ရာအချက်အလက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များ၊ သတ္တုဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် တပ်ဆင်ထားသော လေထုအရည်အသွေး တိုင်းတာရေးစက်ဖြင့် လေထုအရည်အသွေး တိုင်းတာဆောင်ရွက်နေမှု၊ ဓာတ်ခွဲခန်းအတွင်း အင်းလေးကန်နှင့် တောင်ကြီးဒေသ ရေထွက်မှ ရေနမူနာနှင့် စက်ရုံ၊ အလုပ်ရုံများထွက်ရှိသော ရေနမူနာများ ဓာတ်ခွဲစမ်းသပ်နေမှု၊ ရွေ့လျားလေထုအရည်အသွေး တိုင်းတာရေးစက်ဖြင့် လေထုအရည်အသွေးတိုင်း တာဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.