လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု ကယားပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

 

လွိုင်ကော် မေ ၁၈


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကယားပြည်နယ်ရှိ မြို့နယ်အသီးသီး၌ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာ လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်၊ ဓမ္မာရုံနှင့် သာသနာ့ဗိမာန်တော်ကြီးသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများက မေ ၁၈ ရက် နံနက်ပိုင်းက လှည့်လည်ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။


ပြည်နယ်(ပြန်/ဆက်)





No comments

Powered by Blogger.