မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ဆေးကုသပေးလျက်ရှိ
မြောက်ဦး မေ
၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊
မြောက်ဦးမြို့၌
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊
သူနာပြုများ
ပါဝင်သော
ဆေးကုသရေးအဖွဲ့သည်
ယနေ့
နံနက်
၈ နာရီက
အောင်တပ်ရပ်ကွက်
မြို့တော်ခန်းမ၌
မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ၊ သာသနာ့နွယ်ဝင်များ၊ သီလရှင်များ၊
ဒေသခံပြည်သူများအား
(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။
မြောက်ဦးမြို့၌ မေ
၁၄
ရက်က
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှု
ခံစားခဲ့ရသောပြည်သူများအတွက် ဆေးကုသမှုအခက်အခဲမရှိစေရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊
နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဗိုလ်ကြီး စိုင်းနောင်တိုး၊ ဗိုလ်ကြီး
ဇေဝဏ္ဏထွဏ်း၊
ဗိုလ်ကြီး
ထက်လွင်အောင်၊
ဗိုလ်ကြီး
လင်းထက်နိုင်တို့အဖွဲ့သည် ကလေးအထူးကုပါရာဂူ၊ အထွေထွေသမားတော်၊ မျက်စိအထူးကု
ပါရဂူ၊
ခွဲစိတ်ပါရဂူ၊
ဓာတ်မှန်ပါရဂူ၊
သွားရောဂါ
ပါရဂူများက
ယာယီခိုလှုံရာစခန်းများမှ ပြည်သူများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊
မြောက်ဦးမြို့နယ်အတွင်းမှ မုန်တိုင်းရှောင်ပြည်သူများ၊ သွားရောဂါ၊ မျက်စိအားနည်းသော
သက်ကြီးရွယ်အိုများ၊
နာမကျန်းဖြစ်နေသော
ကလေးသူငယ်များ
စသော
ပြည်သူများမှ
လာရောက်၍
ဆေးကုသမှုခံယူကြရာ
လိုအပ်သည့်
ဆေးဝါးများနှင့်
ဆေးကုသေပေးမှုများ
(အခမဲ့) ဆောက်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာသို့ နယ်မြေခံ တပ်မမှူး၊
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊
ဌာနဆိုင်ရာများက
လှည့်လည်ကြည့်ရှုကာ
တာဝန်ရှိသူများက
လိုအပ်သည်များကို
မှာကြားပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)





No comments