ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း
ကျောက်ဖြူ မေ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်
ကျိုးကျနေသည့် သစ်ပင်ကြီးများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းမှုများ
ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊
တပ်မတော်သားများနှင့်
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ စေတီယျရပ်ကွက်နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခြံဝင်းတို့တွင် လဲကျနေသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးခြင်း၊ အမှိုက်များအား သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊
ရရှိလာသည့်အမှိုက်များအား
သတ်မှတ်နေရာများတွင် ထားရှိခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းဒဏ်ကြောင့်
ပြိုလဲပျက်စီးခဲ့သည့်
ဓာတ်တိုင်များအား မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ
တာဝန်ရှိသူများက အချိန်မီပြုပြင်ဆောင်ရွက်ပေးခြင်း၊
လမ်းများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့်
ဘုန်းတော်ကြီးကျောင်းများတွင်
လဲကျနေသည့် သစ်ပင်သစ်ကိုင်းများအား
မီးသတ်တပ်ဖွဲ့ဝင်များ၊
တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်
ပရဟိတ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အဆိုပါမုန်တိုင်း ဝင်ရောက်ချိန်မှစ၍ အချိန်နှင့်တစ်ပြေးညီ
ရှင်းလင်းဖယ်ရှားခြင်းများအား
ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)







No comments