အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ယာဉ်မတော်တဆဖြစ်ပွားသဖြင့် ၁၀ ဦးထက်မနည်းသေဆုံး

 



မေ ၃၀


အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်တွင် ယမန်နေ့က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် ကလေးနှစ်ဦး အပါအဝင် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။


အဆိုပါယာဉ်မတော်တဆမှုသည် မစ်ဆူရူခရိုင် တီရမ်ကူဒါလူ-နာရာစီပူရာဒေသအနီးတွင် ပုဂ္ဂလိကပိုင်ဘတ်စ်ကားတစ်စီးနှင့် ကားတစ်စီးတို့အကြားဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ထိုမတော်တဆမှုကြောင့် လူခုနစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


ကာနာတာကာပြည်နယ်ဝန်ကြီးချုပ် ဆစ်ရာမီရှ်က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များအား အိန္ဒိယရူပီး ၂၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၄၂၀ ) နစ်နာကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.