ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

 



(၂၀၂၃ ခုနှစ်၊ မေလ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါသည်။


ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်


မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။


အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။


ရေပြင်လေ။ အနောက်(သို့)အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင်(၁၀ - ၁၅)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်။


လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးနိုင်ပါသည်။


လှိုင်းအမြင့်။ (၈)ပေမှ (၁၀)ပေခန့်။


ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်


မိုးလေ၀သအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။


အမြင်တာ။ (၄)မိုင်၊ မိုးရွာစဉ် (၁)မိုင်ခန့်။


ရေပြင်လေ။ အနောက်(သို့)အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ(၂၅)မိုင်။


လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။


လှိုင်းအမြင့်။ (၅)ပေမှ (၇)ပေခန့်။


Credit> မိုး/ဇလ

No comments

Powered by Blogger.